လူထုဆက်ဆံရေး

Innovation ပရောဂျက်၊ လုပ်ငန်းခွင်တွင်း ဆန်းသစ်တီထွင်မှုများ ဖြစ်ထွန်းစေနိုင်ရန် ရည်ရွယ်လျက် အားလုံး အတူစုစည်း၍ ပူးပေါင်းလက်တွဲလုပ်ဆောင်မှု မွမ်းမံသင်တန်း

ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်သည် ဦးအေကရတ် ကူးခယွဲ (ခရူအော့ဒ်) မှ ဟောပြောတင်ပြသူအဖြစ်  ဆောင်ရွက်သည့် လုပ်ငန်းခွင်အတွင်း၌ ဆန်းသစ်တီထွင်မှုများ ဖြစ်ထွန်းနိုင်စေရန် ရည်ရွယ်လျက် အတူစုစည်း၍ ပူးပေါင်းလက်တွဲလုပ်ဆောင်မှု မွမ်းမံသင်တန်းကို ကျွမ်ထွန်ထီယန်ဂါးဒင်းရီဆော့တ်ဟိုတယ် ပတ်တယား၌ (2017)ခုနှစ် ဖေဖော်ဝါရီလ (17-19)ရက်အတွင်း ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်သည် ၀န်ထမ်းများအား မိမိတို့၏ သဘောထားအမြင်ကို အပေါင်းလက္ခဏာဆောင်  ပြုပြင်တိုးတက်မှုနှင့် ပြောင်းလဲမှုများအသီးသီးအတွက် အသင့်ဖြစ်နေစေရန်အတွက် မိမိတို့၏ အလုပ်၊ ဖောက်သည်၊ အဖွဲ့အစည်းကို ချစ်မြတ်နိုးမှု ရှိ၍၊ မိမိကိုယ်တွင်းအားကို တည်ဆောက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဒေါ်စီရီရတ် တန်စိရိ မှ ဟောပြောသူအဖြစ် ဆောင်ရွက်သည့် “ဘီလူးကြီးကို လှုပ်နှိုးခြင်း” လေ့ကျင့်မွမ်းမံသင်တန်းကို စုကိုစွန်းဟိုတယ်တွင် (2017) ခုနှစ် ဇန္န၀ါရီလ (25)ရက်နေ့ မနက် (9.00) နာရီမှ (12.00)နာရီအတွင်း ကျင်းပပြုလုပ်ပေးခဲ့ပါသည်။

ဖူရီယာမြို့ လေခရိုင်၌ ပြုလုပ်သည့် ၀န်ထမ်းနှင့် ကုမ္ပဏီအဖွဲ့အစည်းအကြား ပိုမိုနီးကပ်သည့် ချစ်ကြည်ရင်းနှီးမှု ရှိစေရေး အစီအစဉ်
ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်သည် ကုမ္ပဏီတွင်း ၀န်ထမ်းများအား ပြေလျော့အနားရစေရန်နှင့် အဖွဲ့အစည်းတွင်းရှိ ၀န်ထမ်းများအချင်းချင်း ကောင်းမွန်သည့် ချစ်ကြည်ရင်းနှီးမှုဖြစ်ထွန်းစေရန်အတွက် ၀န်ထမ်းတို့အတွက် (3)ရက် နှင့် (2)ညအိပ် ခရီးသွားလည်ပတ်မှုအစီအစဉ်ကို လေခရိုင် ဖူရီယာမြို့နယ်ရှိ ဖူရီယာ စင်ခ်ချွာရီ ရီဆော့တ်အင်ဒ်စပါး ဟိုတယ်တွင် ပြုလုပ်စီစဉ်ပေးခဲ့ပါသည်။

ရာချာချူလွတ်စ် ကုမ္ပဏီ လီမိတက်

ကေအက်စ်အယ်လ်တာဝါ အထပ်(20)
၊ အမှတ်(503) စရီးအယုထယာလမ်း၊
ဖယာထိန်ရပ်ကွက်၊ ရတ်ချထေ၀ီမြို့နယ်
 ဘန်ကောက် 10400

တယ်လီဖုန်း : 02-642-6210   
ဖက်စ် : 02-642-6220
အီးမေးလ် : msg-racha@kslgroup.com

 

စက်ရုံ

အမှတ်(15) အစု(17) စင်းချူတိုလမ်း ထားဖားရပ်ကွက်
ဘန်းပိုမြို့ ရတ်ချဘူရီခရိုင် 70110

တယ်လီဖုန်း : 032-743-224-6   
ဖက်စ် : 032-743-223

Social